ခုတလောအခြေအနေတွေကြောင့် လုပ်နေရတဲ့အလုပ်တွေအပြင် ဝင်ငွေရကြောင်းတခြားနည်းလမ်း ရှာရမယ်လို့ သဘောပေါက်သွားတာ တော်တော်ကြာပါပြီ။ အဲဒါနဲ့ ဘာလုပ်တတ်လဲစဉ်းစားတယ်၊ လုပ်တတ်တာနဲ့လည်းမရဘူး မြန်မြန်ဆန်ဆန်ဖြစ်မယ့် money making ကို တွေးရတယ်။
Fiverr မှာ သူများတွေကို အလုပ်အပ်ဖူးတယ်၊ အဲဒီမှာသွားတွေ့တာတစ်ခုက Website ကနေ Mobile Apps တွေကို ပြောင်းတဲ့ Service တွေ တော်တော်အလုပ်ဖြစ်နေကြတယ်။ ကိုယ်တိုင်က Developer မို့ Android ဆိုလည်း Native, iOS ဆိုလည်း Native မှ ကြိုက်တာ၊ Webview ကို သိပ်မကြိုက်ပေမယ့် အလုပ်ဖြစ်နေတယ်လေ။ အလုပ်ဖြစ်တဲ့နေရာတွေကို ဝင်တိုးကြည့်တဲ့သဘောပါပဲ။ သိပ်ပြီး ခက်ခက်ခဲခဲလည်းမဟုတ်တော့ လုပ်ကြည့်တဲ့သဘောပါ။ မြန်မြန်နဲ့ ငွေပေါ်မယ့်ကိစ္စပေါ့လေ … အဲဒါနဲ့ ဒီနေ့ပဲ Fiverr မှာ Website တွေကို Android or iOS apps အဖြစ် ပြောင်းတဲ့ service တစ်ခုကို ဒီနေ့စရောင်းပါပြီ။ ယုံကြည်တဲ့သူတွေတော့ ဝယ်ကြပါဦး၊ Delivery time ကို 2 days လုပ်ထားပေမယ့်၊ ဒီနေ့လုပ်ရင် ဒီနေ့ရတဲ့ Service နဲ့ လုပ်ပေးမှာပါ။
အဓိကပြောချင်တာကတော့ … ရောင်းတယ်ကွာ … ဝယ်ကြ … ဒါပါပဲ။ လမ်းကြုံရင် ဘီယာပြန်တိုက်ပါမယ်။
Here’s the link :
ကျန်းမာချမ်းသာကြပါစေ …